Warning
Blogger ပိုင်ရှင်ကိုယ်တိုင် ဘာသာပြန် ကိုးကားထားခြင်းဖြစ်တဲ့အတွက် 100% မှန်မည်ဟု အာမမခံပါ။ မိမိဘာသာ ဥာဏ်ရှိသလို စဥ်းစားပြုပြင်ပါ။
ရံဖန်ရံခါတွေမှာ ၊ မိတ်ဆွေတို့ရဲ့ လေအေးပေးစက်ဟာ ချို့ယွင်းချက်တစ်ခုတခု ကြုံတွေ့ရနိုင်ပြီး သင့်လျော်သော အချက်အလက်မရှိဘဲ error ရှာရန် ခက်ခဲနိုင်တယ်။ ဖြစ်နိုင်ချေရှိသော ပြဿနာများရဲ့ အကြောင်းအရာများကို သိရှိ ကူညီနိုင်ရန်အတွက် Daikin လေအေးပေးစက် ချို့ယွင်းချက်ကုဒ်များ(Error Code) နှင့် ဖော်ပြနိူင်ခြေရှိသော error code များအား စာရင်းပြုစုထားပါတယ်။ ကျန်ရှိသောerrorများလည်း အချိန်သင့်သလို ထပ်ပြီးဖြည့်သွားပေးပါဦးမယ်။
အများအားဖြင့် Daikin အဲယားကွန်း Fault ကုဒ်များဟာ
A3
Drain level မြင့်မားခြင်း၊ Drain pipe အတွင်း ဖုန်များပိတ်ဆို့ခြင်း သို့မဟုတ် Drain pump ချို့ယွင်းမှုကြောင့် ဖြစ်ရခြင်း ဖြစ်နိုင်တယ်။
A5
Indoor ကအပူဖလှယ်တဲ့ ကိရိယာများ အပူလွန်ကဲခြင်း Overheating သို့မဟုတ် အေးခဲခြင်း။ လေစစ်ဇကာ (Air Filter) ညစ်ပတ်ခြင်း၊ ဆားကစ်ပြတ်တောက်ခြင်း သို့မဟုတ် အပူဖလှယ်တဲ့ စနစ်ရဲ့ အာရုံခံ(Sensor) ကိရိယာများပျက်ခြင်း။
A6
Fan Motor အမှားအယွင်းရှိခြင်း၊ Fan Motor လော့ခ်ချခြင်း၊ ဝန်ပိုနေခြင်း သို့မဟုတ် ချိတ်ဆက်မှု connection ချို့ယွင်းခြင်းတို့ ဖြစ်နိုင်တယ်။
A7
Swing flap motor error swing flap motor ချို့ယွင်းချက် သို့မဟုတ် ချိတ်ဆက်မှု မှားယွင်းခြင်း။
AH
Air Purifier လေသန့်စက် အမှားအယွင်း Air Purifier ချို့ယွင်းချက်၊ သို့မဟုတ် အဲ့ဒိအစိတ်အပိုင်း ညစ်ပတ်နေခြင်း။
AJ
Capacity setting အမှားအယွင်း
Capacity သို့မဟုတ် Address မှားယွင်းနေခြင်း။
C3
ပုံမှန်မဟုတ်သော Water level အာရုံခံ Sensor – Water level အာရုံခံ Sensor ဟာ ချိတ်ဆက်မှု ပြတ်တောက်သွားခြင်း၊ ဆားကစ်ပြတ်သွားခြင်း သို့မဟုတ် ချို့ယွင်းချက်တစ်ခု ဖြစ်ပေါ်နေခြင်း။
C4
Indoor မှာရှိတဲ့ အပူအအေးပေးစနစ် ပုံမှန်မဟုတ်ခြင်း၊ Ohm ကျခြင်း၊ ပုံမှန်မဟုတ်ခြင်း၊ဆိုလိုချင်တာက သာမိုစတာဟာ ချိတ်ဆက်မှုပြတ်တောက်သွားခြင်း သို့မဟုတ် ပတ်လမ်းပြတ်သွားခြင်း။
C9
Indoor မှာရှိတဲ့ Suction Air Thermistor စွမ်းဆောင်ရည် မူမမှန်ခြင်း၊ ကေဘယ်ကြိုးပြတ်တောက်ခြင်း သို့မဟုတ် ဆားကစ်ပြတ်တောက်ခြင်း။
CE
ဓာတ်ရောင်ခြည်သုံး သာမိုစတာ စွမ်းဆောင်ရည် မူမမှန်ခြင်း၊ အပူချိန်ထိန်းကိရိယာ မှားယွင်းခြင်း၊ ချိတ်ဆက်ထားသော ကေဘယ်လ် သို့မဟုတ် သာမိုစတာ၏ ပတ်လမ်းကြောင်း တိုတောင်းခြင်းသည် ပြဿနာ၏ အရင်းအမြစ် ဖြစ်နိုင်သည်။
CJ
အဝေးထိန်း Remote controller thermistor resistance လုပ်ဆောင်ချက်မူမှန်ခြင်း၊ ရီမုတ်တွင် တပ်ဆင်ထားပုံ အမှားတစ်ခုခုရှိနေနိုင်ခြင်း။


0 comments:
Post a Comment